Header Ads

Header Ads

How to Embed Zawgyi Font in Facebook Instant Articles

How to Embed Zawgyi Font in Facebook Instant Articles

ကဲ..ဦးဦး Blogger တို့ ဟော့ဒီမှာအနှစ်တွေနော် -_-
1BTC လောက် Donate လုပ်ချင်ရင်လည်း အားမနာနဲ့သက်လား :3

Instant Articles တင်တဲ့သူတွေအတွက်အခုလောလောဆယ်အတော်ခေါင်းစားရတဲ့ ပြဿနာတစ်ခုပါ။
ယခင်ပုံစံအတိုင်းကျနော်တို့ website တွေမှာတင်ပြီးလင့်ပြန်ချပေးတာကျတော့
User ကကျနော်တို့ရဲ့ Site ထဲသွားဖတ်ရတဲ့အတွက်
ကျနော်တို့ site ထဲမှာသူတို့ဘာဖောင့်သုံးသုံး မြန်မာဖောင့်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ
အမှန်ဖတ်ရူ့နိုင်အောင် Font Embed လုပ်ထားပေးလို့ရပါတယ်။
အခုဒီ Facebook Instant Articles မှာကျတော့ Facebook Platform ပေါ်မှာပဲ
တိုက်ရိုက်အလုပ်လုပ်တဲ့အတွက်
ကျနော်တို့အတွက် Custom Font တွေ Embed လုပ်ခွင့်မပေးထားပါဘူး။
Instant က HTML5 ကိုအသုံးပြုထားတာမှန်ပေမယ့်
CSS ကုဒ်တွေထည့်သွင်းရေးသားခွင့်မပေးပါဘူး။ (ထည့်ရင်လည်းအလုပ်မလုပ်ဘူး –_– )

ဒီနည်းကိုကျနော်ရှာနေတာ ၁၀ ကျော်ကျော်ရှိသွားပါပြီ အချို့ပေ့စ်တွေမှာ
User ရဲ့ဖုန်းကမြန်မာစာကိုအပေါ်ကပြောသလိုသုံးထားပေမယ့်လည်း
မှန်နေတာတွေ့တော့ ဒါ Embed လုပ်ထားတာသေချာတယ်ဆိုပြီးသွားမေးပါသေးတယ် :3
တစ်ယောက်မှစာမပြန်လာပါဘူး။
အဲ့တော့ထုံးစံအတိုင်း Googling တော့လည်းမတွေ့ပါဘူး 😂
တခုသွားတွေတာက Github မှာရှိတဲ့ Instant Articles Project မှာ Issues အနေနဲ့ webcrazy ဆိုတဲ့
Bro တစ်ယောက်က How to embed custom localized font? ဆိုတဲ့ခေါင်းစဉ်နဲ့မေးထားတာလေးတွေ့လို့ကျနော်လည်းသွားယောင်ကြည့်တာ 😛
ဒီမနက်ကျမှအဲ့ Bro က Reply ပြန်လုပ်လာပါတယ်။
Instant Articles ပို့စ်တွေအတွက် Style ထဲမှာကိုယ်သုံးမယ့်ဖောင့်ကို Helvetica Neue ဖောင့်ကိုရွေးပေးပါတဲ့။
သူကဇော်ဂျီဖောင့်အတွက် Rendering မှန်တယ်တဲ့။
အာနဲ့ကျနော်လည်းစမ်းလိုက်တာလုံးဝအဆင်ပြေသွားတာတွေ့လိုက်ရပါတယ် 😛
အာ့ကြောင့်ဒီပို့စ်လေးနဲ့အားလုံးသိအောင်ပြန်မျှဝေပေးလိုက်တာပါ။

မူရင်းမေးထားတဲ့တာလေးကိုဒီမှာသွားဖတ်လို့ရပါတယ်
>> http://bit.ly/2r6yELR <<
ကျနော်ကလုံးဝမလုပ်တတ်တဲ့သူတွေအတွက်အဓိကရည်ရွယ်တာမို့
ပုံလေးတွေနဲ့ထပ်ရှင်းပါစေ -_-
လုပ်တတ်တဲ့သူတွေကတော့ ဒီလောက်နဲ့နားလည်ပြီထင်ပါတယ်။
မလုပ်တတ်သေးတဲ့သူတွေအောက်မှာပုံကိုကြည့်လုပ်လိုက်ပါ 😀

ပြီးရင်တော့ရပါပြီ ;)
User ကဘာဖောင့်သုံးသုံး မြန်မာစာမှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ
သင်တင်သမျှအားလုံးဖတ်နိုင်ပါပြီ 😀
ထက်နိုင် (27/5/2017)
#MyanmarAndroidApp #HtetzNaing #TaKhonTech
http://www.takhon.com/tech/embed-zawgyi-font-facebook-instant-articles/

No comments: