Facebook ရဲ့ Instant Article အကြောင်း
Facebook ရဲ့ Instant Article အကြောင်း
ဒီတစ်ခါမှာတော့ Digital Marketer တွေ၊ Blogger တွေအကုန်လုံးအတွက် Facebook ရဲ့ Feature တစ်ခုဖြစ်တဲ့ Instant Article အကြောင်းကို ပြောပြချင်ပါတယ်၊ Instant Articles Platform ကို Facebook က 2015 May မှာ Light Version ကို စတင်မိတ်ဆက်ခဲ့ပြီး 2016 February မှာ Stable Versionအနေနဲ့ အသုံးပြုခွင့်ပေးခဲ့တာပဲ ဖြစ်ပါတယ်၊
ကျနော်တို့ဆီမှာတော့ 2017 အစလောက်မှာမှ Instant Article က လူသိပိုများလာပြီး Marketer, Blogger တွေတော်တော်များများကလဲ ပိုစိတ်ဝင်စားလာကြပါတယ်၊ ဒီ Feature ကို Facebook က Publisher တွေအတွက်ကို ဖွင့်ပေးခဲ့တာဖြစ်ပြီးတော့ Publisher တွေ အနေနဲ့လဲ Facebook Audience Network ကနေ ပိုက်ဆံရှာဖွေနိုင်မှာ ဖြစ်ပါတယ်၊
ကျနော်တို့ အနေနဲ့ ယခင်က Website မှာ Article တစ်ပုဒ်တင်ပြီးပြီဆိုရင် URL ကို ယူပြီး Facebook Page မှာ ပြန်တင်ရပါတယ်၊ ဒီလို ပြန်တင်တဲ့နေရာမှာ တစ်ခုပြသာနာရှိတာက User တွေပါပဲ၊ မြန်မာပြည်က Facebook User အတော်များများဟာ URL ထဲကိုဝင်ပြီး ဖတ်ရမှာကို ရှောင်ကြပါတယ်၊ဘာလို့ URL တွေထဲကို ၀င်မဖတ်လဲလို့ မေးခွန်းထုတ်လိုက်ရင် အဓိကပြသာနာက Facebook မှာတင်ထားတဲ့ URL တွေကို ဝင်ရောက်တဲ့အခါ လိုင်းမကောင်းလို့ အချိန်တွေကြာတယ်၊ Link က Loading ဖြစ်နေတာနဲ့ပဲ ဘေကုန်တယ်ဆိုပြီး ပြောကြတာပါပဲ၊ ဒီတော့ Reach တွေ ကျသလို Like နဲ့ Share တွေလဲ သိသာစွာ ကျဆင်းပါတယ်၊
အခု Instant Article ရဲ့ အားသာချက်ကတော့ URL ထဲကို ၀င်ဖို့နှိပ်လိုက်တာနဲ့ Loading ဖြစ်နေတာတွေ၊Website ထဲကို သွားရမှာတွေ မရှိတော့ပါဘူး၊ URL ကိုနှိပ်လိုက်မယ်၊ Facebook ပေါ်မှာပဲ တစ်ခါထဲ ဖတ်လို့ရမယ်၊ဒီတော့ User တွေက ပိုမိုသဘောကျပြီး Reach တွေတဟုန်ထိုးတတ်လာပါလိမ့်မယ်၊ ဘာလို့ Loading တွေမဖြစ်ဘဲ တန်းဖတ်လို့ရတာလဲဆိုရင် Facebook နဲ့ Website ကြားမှာ PlugIn လေးတစ်ခုခံလိုက်လို့ ဖြစ်ပါတယ်၊ Instant Articles Post ဟာ သာမာန် Post ထက်ပိုပြီး 20% ပိုပြီးဖတ်ကြတယ်၊ 70% ပိုပြီး စာဖတ်သူကိုဆွဲဆောင်နိုင်တယ်၊ 30% ပိုပြီး Share ကြပါတယ်၊
အခုလက်ရှိ ပြည်တွင်းက Instant Article နဲ့ Post တွေတင်နေတဲ့ Page တွေကတော့ Akhayar,Myanmar Load , Lwin Pyin တို့ဖြစ်ပါတယ်၊ Instant Article နဲ့တင်တဲ့ Post တွေမှာ ထူးခြားတဲ့ အမှတ်အသားလေးတစ်ခုရှိပါတယ်၊ Post တွေရဲ့ ထောင့်မှာ လျှပ်စီးပုံစံလေးပါတာပဲ ဖြစ်ပါတယ်၊ ဒီလျှပ်စီးလေးကို နှိပ်လိုက်တာနဲ့ Post တွေကို ချက်ချင်း ဖတ်ရှု့နိုင်မှာပဲ ဖြစ်ပါတယ်၊
Instant Article ကို Publisher အဖြစ် လျှောက်ချင်တဲ့ လူတွေအတွက် > https://instantarticles.fb.com မှာ သွားရောက်လျှောက်ထားနိုင်ပါတယ်၊ ဘာတွေလိုအပ်မလဲဆိုတော့ Website ( သို့ ) Blog တစ်ခုတော့လိုအပ်ပါမယ်၊ Facebook Page တစ်ခုရှိရပါမယ်၊ ဒါဆိုရင် Instant Article လျှောက်လို့ရပါပြီ၊ Instant Article လျှောက်လိုက်ပြီဆိုတာနဲ့ Instant Article Review Team က 1 ရက်မှ 3 ရက်အတွင်း ခွင့်ပြုပေးပါတယ်၊
Instant Article လျှောက်လိုက်လို့ ကိုယ့်ရဲ့ Website ကို Facebook က Instant ခွင့်ပြုလိုက်ပြီဆိုတာနဲ့ https://developers.facebook.com/…/app-mon…/audience-network/ မှာ Audience Network Publisher အဖြစ် လျှောက်လို့ရပါတယ်၊ ဒီ Audience Network လဲ ကျလာပြီဆိုတာနဲ့ သင့်ကို Facebook ကနေ ပိုက်ဆံစတင်ပေးပါပြီ၊သင့်ရဲ့ Page Traffic အပေါ်မူတည်ပြီး ကြေငြာခတွေ ပေးပါတယ်၊ကျနော်တွေ့ဖူးသမျှ Audience Network တွေထဲမှာဆိုရင်တော့ Facebook Audience Network က အပေးအကမ်းအတော်ရက်ရောပါတယ်၊ ကြေငြာခတွေကိုတော့ $100 ပြည့်ပြီဆိုတာနဲ့ စတင်ထုတ်ယူလို့ရပြီပဲ ဖြစ်ပါတယ်၊
#AungMonChan
#Instant_DJ_AMC

No comments: