ခေါင်းဆောင်ဆိုတာ"
ခေါင်းဆောင်ဆိုတာ"
ဒီပုံကို ကြည့်လိုက်တဲ့အခါမှာ ခေါင်းဆောင်ဆိုတာ ဘယ်လိုလူကို ခေါ်သလဲ။ ဘာတွေ လုပ်ရသလဲဆိုတဲ့ အတွေးတွေ အများကြီး ပေါ်လာပါတယ်။
အရှေ့ဆုံးက သွားနေတဲ့ ၀ံပုလွေ(၃)ကောင်ဟာ အသက်အကြီးဆုံးနဲ့ မကျန်းမာပုံ ပေါက်နေတယ်။ ဘာလို့ အရှေ့ဆုံးက သွားခိုင်းလဲဆိုတော့ နောက်ကျ မကျန်ခဲ့အောင်လို့ပါ။
ဝံပုလွေအို(၃)ကောင်ရဲ့ နောက်က ကပ်လိုက်လာတဲ့ ၀ံပုလွေ(၅)ကောင်ကတော့ အသန်မာဆုံးပဲ။ ဘာလို့ ၀ံပုလွေအိုတွေနောက်က ကပ်လိုက်လာသလဲဆိုတော့ အရှေ့ဆုံးကကောင်တွေ ဒုက္ခတွေ့ရင် ကယ်တင်နိုင်အောင်လို့ပဲ။
သူတို့နောက်မှာ အားနည်းတဲ့ ၀ံပုလွေငယ်တွေနဲ့ တိုက်ခိုက်ရေးစွမ်းရည် နုသေးတဲ့ ၀ံပုလွေငယ်တွေ အများကြီး လိုက်ပါလာတယ်။
အဲ့ဒီ ၀ံပုလွေငယ်တွေရဲ့ နောက်မှာမှ နောက်ထပ်အသန်မာဆုံး ၀ံပုလွေ(၅)ကောင် ထပ်လိုက်လာတယ်။ သဘောကတော့ နောက်တန်းက အန္တရာယ်ဖြစ်ရင် ကာကွယ်ပေးဖို့။
အနောက်ဆုံးမှာမှ ခေါင်းဆောင်ဖြစ်တဲ့ ၀ံပုလွေက လိုက်လာတယ်။ သဘောကတော့ ၀ံပုလွေတစ်ကောင်တစ်လေမှ မကျန်ခဲ့ဘဲ ဒုက္ခမတွေ့အောင် ကာကွယ်ပေးဖို့၊ တစ်ဖွဲ့လုံး သူ့လမ်းညွှန်ချက်အတိုင်း လျှောက်ကြဖို့နဲ့ သူဦးဆောင်တဲ့အဖွဲ့ ဒုက္ခတွေ့ရင် အလွယ်တကူ တွေ့ရှိထိန်းသိမ်းကာကွယ်နိုင်ဖို့အတွက်။
ဒါဆို ခေါင်းဆောင်ဆိုတာ ဘာလဲလို့ မေးစရာ ရှိတယ်။
ခေါင်းဆောင်ဆိုတာ မျက်နှာပန်း နေရာယူဖို့ထက် ကိုယ့်အဖွဲ့အစည်းကို ကာကွယ်ပေးနိုင်ရင် ခေါင်းဆောင်ပဲ။
ကျွန်တော့်အထင် အဖွဲ့အစည်းအဆင့်မှသည် နိုင်ငံတော်အဆင့်ထိ ခေါင်းဆောင်မှုပုံစံတွေ တော်တော်များများ လွဲနေတာ တွေ့နေရတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ မြန်မာနိုင်ငံဟာ နောက်ကျကျန်နေခဲ့တာလို့ ထင်တယ်။ ကာကွယ်ပေးဖို့ထက် နေရာယူနေတဲ့ ခေါင်းဆောင်တွေ များသထက်များလာလေ ပျက်စီးလေပဲ။ ကာကွယ်ပေးနိုင်တဲ့ ခေါင်းဆောင်တွေ မျှော်ရတာလည်း ဗျိုင်းလည်ပင် ဖြစ်နေကြပြီ။
ကာကွယ်ပေးနိုင်တဲ့ ခေါင်းဆောင်တွေ ဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
ဦးမြတ်မင်းသူ @ လျှံဇွဲကို(စီးပွားရေးတက္ကသိုလ်)
Founder & Principal
Global Knowledge Management Institute
မှတ်ချက်။ ။ LinkedInမှာတွေ့လို့ ဘာသာပြန်ဖော်ပြပေးလိုက်ပါတယ်။

No comments: