Header Ads

Header Ads

အီမိုေဂ်ေလးေတြနဲ႕ အခ်စ္ေရး အေျခအေန

social media မွာ သင္ အသံုးအမ်ားဆံုး emoji က သင့္ရဲ႕ကိုယ္ရည္ကိုယ္ေသြးနဲ႕ လက္ရွိအခ်စ္ေရးကို ေျပာျပေနတယ္ဆိုရင္ အံ့ၾသသြားမလား။ တကယ္ အဲ့လိုပါေနာ္။ သင္ အသံုးမ်ားဆံုး emoji က ဘာကိုေျပာလဲဆိုတာ ဖတ္ၾကည့္လိုက္ေနာ္။

(၁) The blush emoji

သင္ဟာ ရွက္တတ္တဲ့သူတစ္ေယာက္ျဖစ္ျပီး ကိုယ့္အေၾကာင္းေတြကို နည္းနည္းခ်င္းစီ ေျပာျပရတာကို ႀကိဳက္ပါတယ္။ သင္ဟာ နွလံုးသားကို ဦးစားေပးတတ္တဲ့သူတစ္ေယာက္ ျဖစ္တာေၾကာင့္ ခံစားခ်က္ေတြကို ထိန္းခ်ဳပ္နိုင္တဲ့သူတစ္ေယာက္ မဟုတ္ပါဘူး။ အေျပာခ်ိဳတဲ့သူေတြနဲ႕ ေတြ႕ရင္ အရည္ေပ်ာ္တတ္တဲ့သူ တစ္ေယာက္ျဖစ္ျပီး ေပးဆပ္ျပီး ခ်စ္ရတာထက္ ရယူရတာမ်ိဳးကိုပဲ ပိုၾကိဳက္သူပါ။

(၂) The side-eye emoji

သင္က ေတာ္ေတာ္မ်ားမ်ားကို မၾကိဳက္တဲ့သူတစ္ေယာက္၊ သံသယမ်ားတဲ့သူ တစ္ေယာက္ျဖစ္တာမို႕ သင့္ကို ဘယ္သူမွလိမ္ညာလို႕ မရပါဘူး။သင္က အတိတ္မွာ နာက်င္စရာေတြနဲ႕ၾကံဳခဲ့ရသူမို႕ သင့္ရဲ႕ခံစားခ်က္ေတြကို လာကစားတဲ့သူေတြကိုလည္း အရမ္းမုန္းပါတယ္။ အခ်စ္ေရးမွာ ေအးတိေအးစက္ေနတတ္တဲ့သူ တစ္ေယာက္ျဖစ္ပါတယ္။

(၃) The dance emoji

သင္က ျငင္းရခုန္ရတာကို သိပ္ၾကိဳက္ျပီး ကိုယ္မွန္တဲ့အေၾကာင္းလည္း သက္ေသျပရမွ ေက်နပ္တဲ့သူပါ။ ကိုယ့္ကို မနာလိုတိုက္ခိုက္တဲ့သူေတြကို အနိုင္ယူရရင္ ေပ်ာ္ေနတတ္ျပီး ခ်စ္သူနဲ႕လည္း အျမဲျငင္းခုန္ေနတတ္သူပါ။

(၄) The poop emoji


သင့္ေဘးနားက လူေတြကို ရယ္ေမာေအာင္ လုပ္နိုင္စြမ္းရွိတဲ့သူျဖစ္ျပီး သင့္ခ်စ္သူကလည္း သင့္ရဲ႕ အဲ့ဒီလိုလုပ္နိုင္တာကိုမွ ခ်စ္ေနတာပါတဲ့။ သင့္ရဲ႕အားနညး္ခ်က္ကေတာ့ ေပါေတာေတာေလးနဲ႕ ခ်စ္စရာေကာင္းေနတာပဲျဖစ္ပါတယ္။

(၅) The alien emoji

ထူးဆန္းျပီး နားလည္ရခက္တဲ့ အမူအက်င့္မ်ိဳးရွိတဲ့သူပါ။ သင့္ရဲ႕ ပင္ကိုယ္အမူအက်င့္ေတြကို လက္ခံနိုင္တဲ့သူမ်ိဳးကိုပဲ ခ်စ္သူအျဖစ္ လိုခ်င္ျပီး အခ်စ္ေရးမွာလည္း သင္က ထက္ျမက္ျပီး စြန္႕စားရတာ ႀကိဳက္တဲ့သူမ်ိဳးျဖစ္မွာပါ။

(၆) The bare-all emoji

သင္ကေတာ့ ဘာကိုမွ လွ်ိဳ႕၀ွက္မထားတတ္တဲ့သူပါ။ သင့္စိတ္ထဲက ခံစားခ်က္ေတြ အကုန္လံုးကို ဖြင့္ျပတတ္ျပီး ပြင့္လင္းမႈေၾကာင့္ အခ်စ္ေရးကလည္း သက္ေတာင့္သက္သာရွိိေနပါတယ္။ သင္ဟာ သင့္ရဲ႕ျဖစ္တည္မႈနဲ႕ ပတ္သက္လို႕ ရွက္ရြံ႔ေနတာမ်ိဳးမရွိသလို ဂုဏ္ေတာင္ယူတတ္ပါေသးတယ္။

(၇) The ghost emoji

အမ်ားအျမင္မွာ အရမး္ကို လွ်ိဳ႕၀ွက္ခ်က္ေတြ မ်ားတဲ့သူလို႕ ထင္ရေပမယ့္ တကယ္တမ္းေတာ့ သင္က အတြင္းစိတ္ႏွလံုးသားအရမ္းႏူးညံ့တဲ့သူ တစ္ေယာက္ျဖစ္ပါတယ္။ သင့္ရဲ႕ စိတ္ညစ္စရာအျဖစ္ေတြကို နားလည္ေပးျပီး ေပ်ာ္ရႊင္ေအာင္ထားေပးမယ့္ ခ်စ္သူမ်ိဳးကို ပိုင္ဆိုင္ထားရပါလိမ့္မယ္။

(၈) The quizzical emoji

သင့္မွာ အရာရာတိုင္းအတြက္ ေမးခြန္းေတြရွိေနတတ္ျပီး ဉာဏ္စမ္းပေဟဠိေျဖရတာ၊ စာအုပ္ဖတ္ရတာ နဲ႕ စကားရည္လုပြဲေတြ နားေထာင္ရတာၾကိဳက္တတ္တဲ့သူပါ။ သင့္ခ်စ္သူကလည္း သင့္ရဲ႕ စပ္စုတတ္တဲ့ အက်င့္ေလးကို ဟတ္ထိသြားတာပါတဲ့။

(၉) The super-grin emoji

သင္က ဒီအီမိုေဂ်ေလးကိုပဲ အျမဲလိုလို သံုးတတ္တဲ့သူဆိုရင္ေတာ့ သင္ဟာ သင့္ခ်စ္သူနဲ႕ ေလးနက္တဲ့ ခ်စ္ျခင္းကိိုု ပိုင္ဆိုင္ထားပါတယ္္။ နွစ္ေယာက္လံုးက ပြင့္လင္းျပီး ဟာသဉာဏ္ရႊင္တဲ့သူေတြျဖစ္တာေၾကာင့္ သင္တို႕အခ်စ္ေရးက ေပ်ာ္စရာေကာင္းေနမွာပါ။ တခါတရံ အခ်စ္ေရးမွာ ျငီးေငြ႕စရာအေနအထားမ်ိဳး ျဖစ္တတ္ေပမယ့္ ဒါကိုလည္း ေကာင္းေကာင္းျဖတ္ေက်ာ္နိုင္ၾကပါလိမ့္မယ္။

(၁၀) The dancing girls emojis

တစ္ေယာက္ေယာက္က ဒီအီမိုေဂ်ေလးကို သင့္ကို အျမဲပို႕တတ္တယ္ဆိုရင္ သင္ဟာ သူ႕အတြက္ သူငယ္ခ်င္းေကာင္းတစ္ေယာက္ဆိုတဲ့ သေဘာသက္ေရာက္ပါတယ္။ သင္ဟာ ဒီပံုေလး အျမဲသံုးတတ္တဲ့သူဆိုရင္ ခ်စ္္သူနဲ႕ သူငယ္ခ်င္္းေတြအေပၚ သစၥာရွိတဲ့သူေလးပါ။

(၁၁) The thumb emoji

လက္မပဲ တစ္ခ်ိန္လံုးပို႕ေနတတ္တဲ့သူေတြကေတာ့ ဦးေဆာင္လိုစိတ္ နည္းတဲ့သူေတြပါတဲ့။ အေၾကာင္းအရာတစ္ခုခုအတြက္ မွားေၾကာင္း၊ မွန္ေၾကာင္းသက္ေသျပဖို႕ သတၱိသိပ္မရွိတဲ့သူျဖစ္ျပီး ျငင္းခုန္ၾကတိုင္း အလြယ္တကူူ အရံႈးေပးလိုက္သူေတြျဖစ္ၾကပါတယ္။

(၁၂) Kissy face emoji

ဒီအနမ္းမ်က္နွာေလးကို အမ်ားဆံုးပို႕တတ္တဲ့သူေတြကေတာ့ သူ႕ေဘးက လူေတြအေပၚ ခ်စ္ခင္ရင္းနွီးစိတ္မ်ားျပီး ေႏြးေထြးတတ္သူေလးပါ။ လူအမ်ားေရွ႕မွာလည္း ခ်စ္သူကို ဂရုစိုက္ျပဖို႕ ၀န္မေလးတတ္သူေပါ့။

(၁၃) Straight face emoji

သင့္ကေတာ့ ခန္႕မွန္္းရခက္တဲ့ သူတစ္ေယာက္ပါ။ ဘယ္လိုလူမ်ိဳးပါလို႕ သတ္မွတ္ရခက္ခဲျပီး သင့္လိုလူမ်ိဳးကိုပဲ ခ်စ္သူအျဖစ္ေရြးခ်ယ္ဖို႕ စိတ္ကူးရွိပါတယ္တဲ့။

(၁၄) Heart eyes emoji

သင္က သင္လုိခ်င္တာကို ဘယ္လိုရေအာင္ ယူရမလဲဆိုတာကို ေကာင္းေကာင္းသိတဲ့သူပါ။ တျခားအရာေတြထက္ ခ်စ္သူကို ပိုတန္ဖိုးထားခ်စ္ျမတ္နို္းေၾကာင္း jပနိုင္တဲ့ေနရာမွာလည္း ဆရာၾကီးတစ္ေယာက္ေပါ့။ Credit- Auntymay


Unicode

social media မှာ သင် အသုံးအများဆုံး emoji က သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ လက်ရှိအချစ်ရေးကို ပြောပြနေတယ်ဆိုရင် အံ့သြသွားမလား။ တကယ် အဲ့လိုပါနော်။ သင် အသုံးများဆုံး emoji က ဘာကိုပြောလဲဆိုတာ ဖတ်ကြည့်လိုက်နော်။

(၁) The blush emoji

သင်ဟာ ရှက်တတ်တဲ့သူတစ်ယောက်ဖြစ်ပြီး ကိုယ့်အကြောင်းတွေကို နည်းနည်းချင်းစီ ပြောပြရတာကို ကြိုက်ပါတယ်။ သင်ဟာ နှလုံးသားကို ဦးစားပေးတတ်တဲ့သူတစ်ယောက် ဖြစ်တာကြောင့် ခံစားချက်တွေကို ထိန်းချုပ်နိုင်တဲ့သူတစ်ယောက် မဟုတ်ပါဘူး။ အပြောချိုတဲ့သူတွေနဲ့ တွေ့ရင် အရည်ပျော်တတ်တဲ့သူ တစ်ယောက်ဖြစ်ပြီး ပေးဆပ်ပြီး ချစ်ရတာထက် ရယူရတာမျိုးကိုပဲ ပိုကြိုက်သူပါ။

(၂) The side-eye emoji

သင်က တော်တော်များများကို မကြိုက်တဲ့သူတစ်ယောက်၊ သံသယများတဲ့သူ တစ်ယောက်ဖြစ်တာမို့ သင့်ကို ဘယ်သူမှလိမ်ညာလို့ မရပါဘူး။သင်က အတိတ်မှာ နာကျင်စရာတွေနဲ့ကြုံခဲ့ရသူမို့ သင့်ရဲ့ခံစားချက်တွေကို လာကစားတဲ့သူတွေကိုလည်း အရမ်းမုန်းပါတယ်။ အချစ်ရေးမှာ အေးတိအေးစက်နေတတ်တဲ့သူ တစ်ယောက်ဖြစ်ပါတယ်။

(၃) The dance emoji

သင်က ငြင်းရခုန်ရတာကို သိပ်ကြိုက်ပြီး ကိုယ်မှန်တဲ့အကြောင်းလည်း သက်သေပြရမှ ကျေနပ်တဲ့သူပါ။ ကိုယ့်ကို မနာလိုတိုက်ခိုက်တဲ့သူတွေကို အနိုင်ယူရရင် ပျော်နေတတ်ပြီး ချစ်သူနဲ့လည်း အမြဲငြင်းခုန်နေတတ်သူပါ။

(၄) The poop emoji


သင့်ဘေးနားက လူတွေကို ရယ်မောအောင် လုပ်နိုင်စွမ်းရှိတဲ့သူဖြစ်ပြီး သင့်ချစ်သူကလည်း သင့်ရဲ့ အဲ့ဒီလိုလုပ်နိုင်တာကိုမှ ချစ်နေတာပါတဲ့။ သင့်ရဲ့အားနည်းချက်ကတော့ ပေါတောတောလေးနဲ့ ချစ်စရာကောင်းနေတာပဲဖြစ်ပါတယ်။

(၅) The alien emoji

ထူးဆန်းပြီး နားလည်ရခက်တဲ့ အမူအကျင့်မျိုးရှိတဲ့သူပါ။ သင့်ရဲ့ ပင်ကိုယ်အမူအကျင့်တွေကို လက်ခံနိုင်တဲ့သူမျိုးကိုပဲ ချစ်သူအဖြစ် လိုချင်ပြီး အချစ်ရေးမှာလည်း သင်က ထက်မြက်ပြီး စွန့်စားရတာ ကြိုက်တဲ့သူမျိုးဖြစ်မှာပါ။

(၆) The bare-all emoji

သင်ကတော့ ဘာကိုမှ လျှို့ဝှက်မထားတတ်တဲ့သူပါ။ သင့်စိတ်ထဲက ခံစားချက်တွေ အကုန်လုံးကို ဖွင့်ပြတတ်ပြီး ပွင့်လင်းမှုကြောင့် အချစ်ရေးကလည်း သက်တောင့်သက်သာရှိနေပါတယ်။ သင်ဟာ သင့်ရဲ့ဖြစ်တည်မှုနဲ့ ပတ်သက်လို့ ရှက်ရွံ့နေတာမျိုးမရှိသလို ဂုဏ်တောင်ယူတတ်ပါသေးတယ်။

(၇) The ghost emoji

အများအမြင်မှာ အရမ်းကို လျှို့ဝှက်ချက်တွေ များတဲ့သူလို့ ထင်ရပေမယ့် တကယ်တမ်းတော့ သင်က အတွင်းစိတ်နှလုံးသားအရမ်းနူးညံ့တဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ သင့်ရဲ့ စိတ်ညစ်စရာအဖြစ်တွေကို နားလည်ပေးပြီး ပျော်ရွှင်အောင်ထားပေးမယ့် ချစ်သူမျိုးကို ပိုင်ဆိုင်ထားရပါလိမ့်မယ်။

(၈) The quizzical emoji

သင့်မှာ အရာရာတိုင်းအတွက် မေးခွန်းတွေရှိနေတတ်ပြီး ဉာဏ်စမ်းပဟေဠိဖြေရတာ၊ စာအုပ်ဖတ်ရတာ နဲ့ စကားရည်လုပွဲတွေ နားထောင်ရတာကြိုက်တတ်တဲ့သူပါ။ သင့်ချစ်သူကလည်း သင့်ရဲ့ စပ်စုတတ်တဲ့ အကျင့်လေးကို ဟတ်ထိသွားတာပါတဲ့။

(၉) The super-grin emoji

သင်က ဒီအီမိုဂျေလေးကိုပဲ အမြဲလိုလို သုံးတတ်တဲ့သူဆိုရင်တော့ သင်ဟာ သင့်ချစ်သူနဲ့ လေးနက်တဲ့ ချစ်ခြင်းကို ပိုင်ဆိုင်ထားပါတယ်။ နှစ်ယောက်လုံးက ပွင့်လင်းပြီး ဟာသဉာဏ်ရွှင်တဲ့သူတွေဖြစ်တာကြောင့် သင်တို့အချစ်ရေးက ပျော်စရာကောင်းနေမှာပါ။ တခါတရံ အချစ်ရေးမှာ ငြီးငွေ့စရာအနေအထားမျိုး ဖြစ်တတ်ပေမယ့် ဒါကိုလည်း ကောင်းကောင်းဖြတ်ကျော်နိုင်ကြပါလိမ့်မယ်။

(၁၀) The dancing girls emojis

တစ်ယောက်ယောက်က ဒီအီမိုဂျေလေးကို သင့်ကို အမြဲပို့တတ်တယ်ဆိုရင် သင်ဟာ သူ့အတွက် သူငယ်ချင်းကောင်းတစ်ယောက်ဆိုတဲ့ သဘောသက်ရောက်ပါတယ်။ သင်ဟာ ဒီပုံလေး အမြဲသုံးတတ်တဲ့သူဆိုရင် ချစ်သူနဲ့ သူငယ်ချင်းတွေအပေါ် သစ္စာရှိတဲ့သူလေးပါ။

(၁၁) The thumb emoji

လက်မပဲ တစ်ချိန်လုံးပို့နေတတ်တဲ့သူတွေကတော့ ဦးဆောင်လိုစိတ် နည်းတဲ့သူတွေပါတဲ့။ အကြောင်းအရာတစ်ခုခုအတွက် မှားကြောင်း၊ မှန်ကြောင်းသက်သေပြဖို့ သတ္တိသိပ်မရှိတဲ့သူဖြစ်ပြီး ငြင်းခုန်ကြတိုင်း အလွယ်တကူူ အရှုံးပေးလိုက်သူတွေဖြစ်ကြပါတယ်။

(၁၂) Kissy face emoji

ဒီအနမ်းမျက်နှာလေးကို အများဆုံးပို့တတ်တဲ့သူတွေကတော့ သူ့ဘေးက လူတွေအပေါ် ချစ်ခင်ရင်းနှီးစိတ်များပြီး နွေးထွေးတတ်သူလေးပါ။ လူအများရှေ့မှာလည်း ချစ်သူကို ဂရုစိုက်ပြဖို့ ဝန်မလေးတတ်သူပေါ့။

(၁၃) Straight face emoji

သင့်ကတော့ ခန့်မှန်းရခက်တဲ့ သူတစ်ယောက်ပါ။ ဘယ်လိုလူမျိုးပါလို့ သတ်မှတ်ရခက်ခဲပြီး သင့်လိုလူမျိုးကိုပဲ ချစ်သူအဖြစ်ရွေးချယ်ဖို့ စိတ်ကူးရှိပါတယ်တဲ့။

(၁၄) Heart eyes emoji

သင်က သင်လိုချင်တာကို ဘယ်လိုရအောင် ယူရမလဲဆိုတာကို ကောင်းကောင်းသိတဲ့သူပါ။ တခြားအရာတွေထက် ချစ်သူကို ပိုတန်ဖိုးထားချစ်မြတ်နိုးကြောင်း jပနိုင်တဲ့နေရာမှာလည်း ဆရာကြီးတစ်ယောက်ပေါ့။ Credit- Auntymay


No comments: