Header Ads
Header Ads
ပုပ္ပားတောင်မှ သဘက်ဖြစ်နေသောဘုန်းကြီး
ကားမောင်းသောအကိုကမိန်ကလေးများအား ဟဲ့ကောင်မလေးတွေနင်တို့ညကဆင်းလိုက်တက်လိုက်လုပ်နေသလား”’ဘယ်သူမှမဆင်းဘူးအကိုကြီးဆင်းတာမဟုတ်ဘူးလား” ငါကဘာလို့ဆင်းရမလဲ”တယောက်မှမဆင်းပဲဒီတခါးကဘာလို့ဖွင့်လိုက်ပိတ်လိုက်ဖြစ်ပြီးအသံမြည်နေတာလဲခြေသံကကောဘယ်သူ့ခြေသံလဲအားလုံးစဉ်းစားပြီးလန့်သွားကြသည်။
ကိုယ်တို့အဖွဲ့ရဲ့ဆူဆူညံညံအသံကြောင့်ဘုန်းကြီးများရောက်လာမေးကြသည် ထိုအခါမှ့ဖြစ်ကြောင်းကုန်စင်ပြောပြရာဆရာတော်ကြီးဆီခေါ်သွားလေသည် ဆရာတော်ကြီးကပြောသည်မှာအရင်ဒီကျောင်းမှာဘုန်းကြီးလာဝတ်သော တရုတ်လူမျိုးစပ်သောဘုန်းကြီးတပါးလူမထွက်တော့၍သူ့အမျိုးများကတရုတ်ဘုံကျောင်းပုံစံကျောင်းကိုဆောက်၍ လူတန်းထားရာထိုဘုန်းကြီးသည်ရုတ်တရက်လေသင်တုန်းဖြတ်ကာပျံလွန်တော်မူ၍ ကျောင်းကိုစိတ်စွဲကာမကျွတ်ဖြစ်နေသတဲ့လာသမျှလူများကိုလဲခြောက်လှန့်သောကြောင့်သူ့ကျောင်းတွင်မည်သူမျှမတည်းရဲကြပေအခုတော့ကိုယ်တို့အဖွဲ့အတွက်နေရာမရှိတော့၍ပေးတည်းခြင်းဖြစ်သတဲ့…။
Credit:D Moe Moe
Unicode
ကိုယ်နှင့်အန်တီကပုပ္ပါးတောင်ခြေကဘုန်းကြီးကျေင်းတကျောင်းမှဘုရားအားထီးတော်လူ ကာထီးတင်ပွဲအလူလုပ်မှာမို့တူတူမများပုပ္ပါးသို့ခရီးထွက်ကြလေသည် ။ ဘုန်းကြီးကျောင်းရောက်တော့အလူရှိတာမို့တခြားဧည့်သည်များလဲရောက်နေရာတည်ခိုစရာနေရာထိုင်ခင်းများပင်ပြည့်နေလေသည် ဘုန်းကြီးကျောင်းဝင်းသည်အတန်ကျယ်ဝန်းကာကျောင်းဆောင်များများစွာရှိသည့်အနက် အဆောင်တိုင်းလိုလိုလူပြည့်နေသောကြောင့်ကျောင်းထိုင်ဘုန်းကြီးကနောက်ကျနေသောကိုယ်တို့အဖွဲ့အားအားနာနေလေသည်အလူရှင်များကလဲဖြစ်ပြန်မျက်နှနာစရာဖြစ်နေသောကြောင့်အကြံအိုက်နေစဉ်ဦးဇင်းတပါးကရှောက်လိုက်သည် ။
အရှင်ဘုရားဟိုအလယ်ကကျောင်းဆောင်မှာနေရာချပေးလိုက်ပါလားဘ ဖြစ်ပါမလားကွတော်ကြာတခုခုဖြစ်နေမှဖြင့်မိန်းကလေးတွေပါတယ် အဲနေရာကလွဲလို့နေရာမရှိတော့ဘူး ဘုန်းကြီးနှစ်ပါးအပြန်အလှန်ပြောနေတာကြားတော့ခရီးပန်းပြီးနားချင်နေသောကိုယ်တို့အဖွဲ့လဲဝင်ပြောလိုက်သည် ။
ရပါတယ်ဘုရားရတဲ့နေရာသာပေးပါတပြည့်တော်တို့အဆင်ပြေသလိုတည်းလိုက်ပါ့မယ် အော်အေးအေးဒါဆိုလဲလိုက်ကြည့်လိုက်ပါအုံးကျောင်းထိုင်ဘုန်းကြီးပြောသောကျောင်းသည်ကျောင်းဝင်းအစွန်တွင်ရှိလေသည် ။ဘုန်းကြီးကျောင်းဆောက်ထားသည်မှာနှစ်ထပ်ပျဉ်ထောင်အဝိုင်းပုံစံမျိုးဖြစ်ကာတရုပ်ဘုံကျောင်းနှင့်ခပ်ဆင်ဆင်တူလေသည် ။အထဲသို့ဝင်ကြည့်သောအခါအတော်ကောင်းမွန်ကာပတ်လည်တွင်မှန်တံခါးများတပ်ထားလေသည်။ကိုယ်တို့အဖွဲ့လဲသဘောကျသွားသည်ဒီလောက်ကောင်းတဲ့ကျောင်းမှာလူတွေမတည်းပဲကျန်နေတာကိုစဉ်းစားမရပေ။
ဒါနဲ့ကားပေါ်ကပစ္စည်းများချကာကျောင်းအပေါ်ထပ်တွင်နေရာယူလိုက်သည်အပေါ်ထပ်တွင်အခန်းနှစ်ခန်းရှိကာတခန်းကဘုရားခန်းကျယ်ကြီးဖြစ်ကာကျန်တခန်းကလှေကားနှင့်ကပ်ရက်အခန်းရှည်လေးဖြစ်သည် ။ကိုယ်တို့လဲလှေကားနှင့်ကပ်ရက်အခန်းကိုယူကာနေရာချပြီးဘုရားခန်းတွင်ရှိသောတံပျက်စည်းယူ၍ဖုန်များအားလှည်းကျင်းရာနောက်ကျောမလုံသလိုခံစားရလေသည်ကျက်သီးများလည်းထကာတစုံတယောက်ကစောင့်ကြည့်နေသလိုမျိုးဖြစ်နေကြလေသည် ။
အားလုံးလဲစိတ်ထင်လို့နေမှာပါတွေးကာခရီးပန်းလာတာနဲ့စောစောအိပ်ကြလေသည်။မအိပ်ခင်အန်တီအပေါ့သွားမည်ဆို၍လိုက်ပို့ရာအပြင်တွင်မှောင်နေပြီဖြစ်သည်။ရေအိမ်ကကျောင်းနောက်ခပ်လှမ်းလှမ်းတွင်ရှိရာကိုယ်လဲရေအိမ်ကျောခိုင်းကာစောင့်ပေးနေရင်းရုတ်တရက်ကျောင်အပေါ်ထပ်ပြတင်းပေါက်တွင်ရပ်နေသောဘုန်းကြီးတပါးအားတွေ့လိုက်ရသည်ဘုန်းကြီးကိုဘေးတစောင်းသာမြင်ရ၍မျက်နှာသိပ်မသဲကွဲပေစိတ်ထဲတမျိုးဖြစ်သွားကာဘယ်ကဘုန်းကြီးများလဲလို့တွေးမိလေသည်အပေါ်တွင်ဘုန်းကြီးလဲမနေပဲနဲ့ကိုယ်တို့အဖွဲ့အားလာကြည့်တာဖြစ်မည်ဟုတွေးလိုက်မိသည်။ခဏကြာတော့မတွေ့ရတော့ပေညအိပ်ရာတွင်အားလုံးတန်းစီအိပ်ကြကာတံခါးပေါက်နားတွင်ကားမောင်သောတူကအိပ်လေသည်။
သူ့ဘေးတွင်အန်တီအိပ်ကာကျန်မိန်ကလေးများကအတွင်းဘက်တွင်အိပ်လေသည် ။အခန်း၏ထိပ်လှေကားတွင်တံခါးရှိကာလှေကားအောက်ချေတွင်တံခါးတချပ်ရှိလေသည်။တံခါးနှစ်ထပ်လုံးကျွန်းတံခါးများဖြစ်ကာခိုင်ခံ့လေသည် ။ခရီးပန်းလာတော့ခေါင်းချလိုက်တာနဲ့အားလုံးအိပ်ပျော်သွားကြလေသည်။
အိပ်ပျော်နေတုန်းရှိသေးလှေကားကတံခါးဖွင့်သံကြားရကာလှေကားပေါ်တက်လာသောခြေသံကြားရလေသည်။ကိုယ်တို့မိန်းကလေးများလဲမျက်လုံးမဖွင့်ပဲလှေကားထိပ်မှာအိပ်သောကားမောင်းတဲ့အကိုကြီးအပေါ့ထသွားတယ်ထင်ကာဆက်အိပ်ကြလေသည် ။အိပ်၍မကြာခင်ဝုန်းကနဲတံခါးဖွင့်သံကြားရကာလှေကားကဆင်းသွားပြန်သည့်အသံကြားရလေသည် ။
ဒီလိုနဲ့တက်လိုက်ဆင်းလိုက်အသံကြားနေရကာတညလုံးကောင်းကောင်းမအိပ်ရပေနောက်ဆုံးခြေသံမကြားရတော့တံခါးကဖွင့်လိုက်ပိတ်လိုက်တဒိုင်းဒိုင်းမြည်နေသောကြောင့်ကားမောင်းတဲ့အကိုကြီးတံခါးမပိတ်ဘူးထင်ပြီးဒေါသထွက်နေကြလေသည် ။
မနက်၄နာရီထိုးတော့အန်တီကဘုန်းကြီးများအာရုံဆွမ်းကပ်ရန်ဝိုင်းကူဖို့နိုးတော့အကုန်နိုးသွားကြကာတံခါးကိုကြည့်တော့နှစ်ချပ်စလုံးမင်းတုန်းချကာအသေအချာပိတ်ထားတာတွေ့ရသည်။အားလုံးအံသြသွားသည်တညလုံးတဝုန်းဝုန်းဖြင့်ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေသောတံခါးများသည်မနဲဖွင့်ယူရသည်။
ကားမောင်းသောအကိုကမိန်ကလေးများအား ဟဲ့ကောင်မလေးတွေနင်တု့ိညကဆင်းလိုက်တက်လိုက်လုပ်နေသလား”’ဘယ်သူမှမဆင်းဘူးအကိုကြီးဆင်းတာမဟုတ်ဘူးလား” ငါကဘာလို့ဆင်းရမလဲ”တယောက်မှမဆင်းပဲဒီတခါးကဘာလို့ဖွင့်လိုက်ပိတ်လိုက်ဖြစ်ပြီးအသံမြည်နေတာလဲခြေသံကကောဘယ်သူ့ခြေသံလဲအားလုံးစဉ်းစားပြီးလန့်သွားကြသည်။
ဒီကျောင်းမှာလဲမိမိတို့တဖွဲ့ထဲရှိသည်မဟုတ်လားကြာကြာမစဉ်းစားအားဘုန်းကြီးများဆွမ်းကပ်ရမှာမို့နှစ်ယောက်တတွဲဆင်းကာမျက်နှာသစ်ကြလေသည်။ကိုယ်တို့အလှည့်မှာတော့မျက်နှာသစ်နေရင်းအနောက်မှာတယောက်ယောက်ရပ်နေသလိုခံစားရကာလှည့်ကြည့်တော့ဘာမှမရှိကျက်သီးတွေထကာကျောချမ်းနေတာမို့အမြန်သစ်လိုက်ရသည် ။
နောက်နှစ်ယောက်ဆင်းလာတော့သူတို့လဲနောက်မှာတယောက်ယောက်ရပ်နေသလိုခံစားရကာလှည့်ကြည့်လိုက်တော့ဘုန်းကြီးတပါးရပ်နေကာကြည့်နေရင်းအရပ်ရှည်သွားလိုက်တာထန်းပင်လောက်ရှိသွားလေသည်ထိုအခါသူတို့လဲ ”ဘုန်းကြီးသရဲ——သဘက်” ဟုလန့်အော်ပြီးရေခွက်တွေဆပ်ပြာခွက်တွေလွှတ်ပြစ်ကာပြေးတက်လာလေသည် ။
ကိုယ်တို့အဖွဲ့ရဲ့ဆူဆူညံညံအသံကြောင့်ဘုန်းကြီးများရောက်လာမေးကြသည် ထိုအခါမှ့ဖြစ်ကြောင်းကုန်စင်ပြောပြရာဆရာတော်ကြီးဆီခေါ်သွားလေသည် ဆရာတော်ကြီးကပြောသည်မှာအရင်ဒီကျောင်းမှာဘုန်းကြီးလာဝတ်သော တရုတ်လူမျိုးစပ်သောဘုန်းကြီးတပါးလူမထွက်တော့၍သူ့အမျိုးများကတရုတ်ဘုံကျောင်းပုံစံကျောင်းကိုဆောက်၍ လူတန်းထားရာထိုဘုန်းကြီးသည်ရုတ်တရက်လေသင်တုန်းဖြတ်ကာပျံလွန်တော်မူ၍ ကျောင်းကိုစိတ်စွဲကာမကျွတ်ဖြစ်နေသတဲ့လာသမျှလူများကိုလဲခြောက်လှန့်သောကြောင့်သ့ူ့ကျောင်းတွင်မည်သူမျှမတည်းရဲကြပေအခုတော့ကိုယ်တို့အဖွဲ့အတွက်နေရာမရှိတော့၍ပေးတည်းခြင်းဖြစ်သတဲ့…။
ဘုန်းကြီးတွေလဲအမျှပေးပေမဲ့သာဓုမခေါ်ပေသူ့ကိုဘုရားစာဝိုင်းရွှတ်တဲ့အခါဘုန်းကြီးသဘက်ကဘုန်းကြီးတွေရှေ့ကကျော်ကျော်ဆိုနေတော့လက်ရှေ့ာထားလိုက်သည်ဟုသိရလေသည်။နောက်ညတွင်တော့ကိုယ်တို့အဖွဲ့လဲကျောင်းပြောင်းကာတည်းရလေသည် ။
Credit:D Moe Moe
No comments: